ဖောင်းပြင် ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့် စုံစေရေးနှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရေး နေ့စဉ်ငှက် ပျောသီးကျွေးမွေးနိုင်စေရန်ရည်ရွယ်၍ ငှက်ပျောပင်များကို စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က အ-လ-က(ရွှေညောင်ပင်)ကျောင်း၊ ကျောင်းစိုက်ခင်းတွင် ငှက်ပျော ၇၅၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်နှင့် ဝန်ထမ်းများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ခနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ အ-လ-က (ရွှေညောင်ပင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုး တော်ဆောင်အဖွဲ့များ၊ ဒေသခံတောင်သူများက ဖီးကြမ်းငှက်ပျော ၅၀၀ ပင်၊ သီးမွှေးငှက်ပျော ၂၀၄ ပင် စုစုပေါင်း ၇၀၄ ပင်ကို စုပေါင်းစိုက် စိုက်ပျိုခဲ့ကြ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)