သတင်းများ

မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ကျောင်းသူများနှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်    Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုခဲ့သည်။အဆိုပါ  စာမေးပွဲကို  မြစ်သားမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ Grade – 5 ကျောင်းသား ၊ကျောင်းသူ (၁၈၉၆)ဦးနှင့် Grade-9 ကျောင်းသား၊ကျောင်းသူ (၁၂၇၅)ဦး စုစုပေါင်း (၃၁၇၁)ဦး ဝင်‌ရောက်ဖြေဆိုခဲ့ကြပြီး ကြီးကြပ်ရေးမှူး ( ၇၅ )ဦးတို့ဖြင့်  ကြီးကြပ်ဆောင်ရွက်ကာ ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှမတ်လ(၁)ရက်နေ့အထိ ဘာသာရပ်များကို  ဆက်လက်ဖြေဆိုသွား မည်ဖြစ်ကြောင်း သိသည်။       
ပုသိမ်ကြီးမြို့နယ် ရွှေစာရံမြတ်စွာဘုရားကြီး၏ (၇၅)နှစ်မြောက် စိန်ရတုဗုဒ္ဓပူဇနိယပွဲတော်အကြို အသံမစဲပဋ္ဌာန်းပွဲ ကျင်းပ
Feb 22,2023
မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံခရိုင် ၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံမြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အကြိုအသံမစဲပဋ္ဌာန်းရွတ် ဖတ်ပူဇော်ခြင်းကို  ၂၀.၂.၂၀၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်​တော်၊ ပုဗ္ဗသီရိမြို့နယ်တွင်၂၀၂၂ - ၂၀၂၃  ပညာသင်နှစ်အတွက်  စတုတ္တတန်း(Grade- 5)နှင့် အဋ္ဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိသည်။
ဂွမြို့နယ်တွင် အသက် ၆လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများ တိုက်ကျွေး
Feb 22,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ကျန်းမာသန်စွမ်းပြီး သန်ကောင်ရောဂါများ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ အသက်၆လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီရေးပရဟိတအဖွဲ့က ချောင်းဆုံကျေးရွာ မီးဘေးသင့်ပြည်သူများကို ဆန်နှင့်အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Feb 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ကူညီရေးပရဟိတအဖွဲ့က ချောင်းဆုံကျေးရွာတွင် တောမီးမှတစ်ဆင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု(၃)စုအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ယမန်နေ့က ဆန်နှင့်အိမ်အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်  စတုတ္တတန်း(Grade- 5)နှင့် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Feb 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်၌ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက် မွေးမြူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။