ဂွမြို့နယ်တွင် အသက် ၆လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများ တိုက်ကျွေး

ဂွ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ကျန်းမာသန်စွမ်းပြီး သန်ကောင်ရောဂါများ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ အသက်၆လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်(၃) ရပ်ကွက်အတွင်းရှိ အသက် ၆လမှ ၅ နှစ်အထိ ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ခြင်း၊ မှတ်တမ်းကောက်ယူခြင်းဆောင်ရွက်ပြီး  ဗီတာမင်အေဆေးနှင့် အသက် နှစ်နှစ်မှ ၅ နှစ်အထိ ကလေးငယ်များအား သံချဆေးများ တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်