သတင်းများ

“အားကစားနှင့် ကာယပညာ(သိပ္ပံ)​ကျောင်း” အ​ကြောင်း သိ​ကောင်းစရာအသိပညာပေး Talk Show ပြုလုပ်
Feb 22,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ​နေ့​ နံနက်(၁၀)နာရီချိန်က “အားကစားနှင့်ကာယပညာ(သိပ္ပံ)​ကျောင်း” အ​ကြောင်း သိ​ကောင်းစရာ အသိပညာ​ပေး Talk Show ပြုလုပ်ကြောင်း သိရသည်။
နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၂၃ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၆ သိန်းကျော် ထောက်ပံ့ပေးအပ်
Feb 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၂၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၆)သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
ပဲခူးခရိုင် (Community Centre)ခန်းမတွင်  “လူငယ်နှင့်အားကစား” အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Feb 22,2023
အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍“လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်း‌ငေါ့မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသို့ အသိပညာပေး နှိုးဆော်
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့်နည်းလမ်းများကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလေးမြို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ
Feb 22,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ကလေးမြို့ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့ ညနေပိုင်းက လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
ပြည်မြို့ ခုတင်(၅၀၀)ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး ကုသဆောင်ရွက်
Feb 22,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်မြို့ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများလုပ်ငန်း စွမ်းဆောင် ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်
Feb 22,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။