ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၂
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီခွဲက ရန်မျိုးလုံ ၁ ရပ်ကွက်ရှိ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း(၂)ထပ် အောက်ထပ်လူနေအိပ်ခန်းအတွင်း အိပ်ယာပေါ်တွင် ဆေးလိပ်သောက်၍ ဆေးလိပ်တိုထားခဲ့ရာမှ အနီးရှိ စောင်သို့ ကူးစက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ယင်းမီးလောင်မှုကြောင့် သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း (၁) ထပ် အကာနှင့် မျက်နှာကျက်များ၊ RC (၄) ထပ် မျက်နှာကျက်နှင့် အခန်းတွင်းသိုလှောင်ထားရှိသော စတီးခွက် ဂျပ်ဖာများ ဓါတ်ဘူး၊ ပန်းကန်လုံးဖန်ခွက်များနှင့် ဆိုင်ကယ် (၂) စီး မီးကူးစက် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၁၅) စီး၊ ရေသယ်ယာဉ် (၁၀) စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေ (၇၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦး၊ စုစုပေါင်း (၁၇၀) ဦး၊ Level-1 ယာဉ်အုပ်စုတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အဆောင်ငှားရမ်းနေထိုင်သော ဘုံဆိုင် (စားသောက်ဆိုင်) ဝန်ထမ်းများဖြစ်သော အမျိုးသား (၃) ဦးအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိပ်ထားနိုင်