ပလောက် ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ နေ့လယ်ပိုင်းက ပလောက်မြို့ မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပလောက်မြို့မီးသတ်တပ်ဖွဲ့မှ ဒု-မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါရုံးရှိ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှုရှိ၊မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးပလတ်ပေါက်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုများကို ဝန်ထမ်းများအား အသိပညာပေးပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်