ကော့သောင်းမြို့နယ်တွင် တနင်္သာရီတိုင်း‌ဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး‌‌ဟောပြောပွဲကျင်းပ

ကော့သောင်း ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့က ကော့သောင်းမြို့နယ် မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော့သောင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၊ ပါမောက္ခဌာနမှူး(ငြိမ်း) ဒေါက်တာနန်းမြဟန်မှ ပင်လယ်ရေအောက်သက်ရှိ သက်မဲ့သယံဇာတများ၏ သဘာဝနှင့်ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ သိရှိလိုက်နာဆောင်ရွက်သွားသင့်သည့် အချက်များနှင့်ပက်သက်ပြီး ဦးစွာဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်ပြီး သက်ဆိုင်ရာဌာနများဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှတာဝန်ခံများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးဟောပြောကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ခံများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲတွင် ဟောပြောပေးခဲ့သည့် ဘာသာရပ်အလိုက်ပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ခံများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မြန်မာ့ပင်လယ်အတွင်းရှိ သက်ရှိသက်မဲ့သယံဇာတများအပေါ် တန်းဖိုးထားတက်စေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်၊ နိုင်ငံတကာပင်လယ်ပြင်သယံဇာတများ ထိန်းသိမ်းစောင့်ရှောက်ပုံများကို ဗဟုသုတရရှိစေရန်နှင့် အတုယူလိုက်နာတက်စေရန်၊ ပင်လယ်ရေသတ္တဝါများ၊ သယံဇာတများမျိုးသုဉ်းပျောက်ကွယ်မှုမရှိစေဘဲ စီးပွားရှာနိုင်သည့် အခွင့်အလမ်းများအကြောင်းကို သိရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)