သတင်းများ

မြစ်သားမြို့နယ် နတ်မှော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေး
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် အရောင်အဝယ် လုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ကျေးလက်ဒေသ ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက နတ်မှော်ကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းဓမ္မာရုံအတွင်း၌ လုပ်ငန်းလုပ်ကိုင်သူများ လက်ဝယ်အရောက် ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံ‌မြေပဲနှင့်‌နှမ်းများစတင်ရိတ်သိမ်း
Feb 24,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမြေပဲ ၅၇၁၇ ဧကနှင့် ဆောင်းနှမ်း ၄၄၅၂ ဧကစိုက်ပျိုးရန် လျာထားခဲ့ရာ မြေပဲ ၅၇၁၉ ဧကနှင့်နှမ်း ၄၄၅၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ရာ ဖေဖော်ဝါရီလဆန်းပိုင်းကစတင်၍ အဆိုပါမြေပဲနှင့်နှမ်းများ စတင်နှုတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဆီဆုံကျေးရွာ၊ ရှင်ကြီးပျောက် ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး
Feb 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆီဆုံကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာနှင့် ရှင်ကြီးပျောက်ကျေးရွာအုပ်စု၊ မအူပင်ထောင့်ကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြသည်။
မြိတ်မြို့တွင် အစိုးရဓမ္မာစရိယ၊ နိကာယ်(၅)ရပ်နှင့် ပါဠိပထမပြန်စာမေးပွဲ စူဠဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Feb 24,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂ဝ၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ နိကာယ်(၅)ရပ်နှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြိတ်စာဖြေဌာနမှအောင်မြင်ခဲ့သည့် စာအောင်သံဃာနှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုငွေဆက်ကပ်လှူဒါန်းခြင်း စူဠဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့ကျက်သရေဆောင်လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ ကျင်းပသည်။
ငပုတောမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေး အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ
Feb 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် အသိပညာပေး မြေစိုက်ပိုစတာများအား  စိုက်ထူခဲ့သည်။
အင်းစိန်မြို့နယ်၌ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာနရုံးများသို့ သွားရောက်ငှားရမ်းပေးသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့)ကွန်ပျူတာသင်တန်း ဖွင့်လှစ်
Feb 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် ဒေသထွက် ဓနိဖက်ထိုးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ ဒေသခံတောင်သူများသည် တစ်နိုင်တစ်ပိုင် ဒေသထွက် ဓနိဖက်ထိုးခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။