သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဆီဆုံကျေးရွာ၊ ရှင်ကြီးပျောက် ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး

သာပေါင်း ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆီဆုံကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာနှင့် ရှင်ကြီးပျောက်ကျေးရွာအုပ်စု၊ မအူပင်ထောင့်ကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ()ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်()မှ ယနေ့နံနက် ၉ နာရီအချိန်က ဆီဆုံကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာ၊ ဇမ္ဗူရာမကျောင်းတိုက်၌ အဖွဲ့အမှတ်() မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတို့က တတ်ရောက်လာကြသော ဒေသခံပြည်သူ (၂၂၅)ဦးတို့နှင့် တွေ့ဆုံ၍ အဖွဲ့အမှတ်()မှ ရှင်ကြီးပျောက်ကျေးရွာအုပ်စု၊ မအူပင်ထောင့်ကျေးရွာ၊ အောင်မြင်သာစည် ကျောင်းတိုက်၌ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဦးကျော်တိုး၊ အဖွဲ့ဝင်() မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်နှင့် ဌာနဆိုင်ရာများက တတ်ရောက်လာကြသော ကျေးလက်နေ ပြည်သူ(၁၂၈)ဦးတို့နှင့် တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ် လုံခြုံရေး၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း (၆၆/)ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ လမ်းပေါ်စပါးမလှန်းရေး၊ အလှူခံများ လမ်းနှင့်လွတ်အောင် ယာဥ်အန္တရာယ်မဖြစ်စေဘဲ အလှူခံရေး၊ ဆောင်းသီးနှံနေကြာ ပြည့်မီစွာ စိုက်ပျိုးရေး၊ စနေနေ့တိုင်း ကျေးရွာအလိုက်၊ နေအိမ်အလိုက် သန့်ရှင်းရေးစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရန်၊ ထင်း၊ မီးသွေးတရားလွန် ထုတ်ယူသုံးစွဲမှု မရှိရေး၊ ထင်းမီးသွေးအစားထိုး စပါးခွံလောင်စာတောင့် စက်ရုံတည်ဆောက်သုံးစွဲရေး၊နို င်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုထုတ်ယူရေး နွေစပါး၊ ပဲတီစိမ်းစိုက် တောင်သူများ စာချုပ်ချုပ်ဆိုဆောင်ရွက်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံ ပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်