ငပုတောမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေး အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ

ငပုတော ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် အသိပညာပေး မြေစိုက်ပိုစတာများအား  စိုက်ထူခဲ့သည်။

အဆိုပါ မြေစိုက်ပိုစတာအား ငပုတောမြို့ အဝင်ဂိတ်၊ ရှု့ခင်းသာ ကားဂိတ်နှင့် အများပြည်သူများ သက်ဆိုင်သောနေရာများတွင် စိုက်ထူခဲ့ပြီး ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးတို့အတွက် အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အောင်သူ (ပြန်/ဆက်)