တွံတေး ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က တွံတေးမြို့ (ခ)အဆင့်အားကစားခန်းမ၌ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တွံတေးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးသန့်က လုပ်ငန်းများနှင့်ပတ်သက်၍ မိတ်ဆက်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့် သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက စီမံရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်ကျော်က အဆိုပါဆွေးနွေးတင်ပြချက်များနှင့်ပတ်သတ်သည့်လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အပြန်အလှန်ဆွေးနွေးကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲကို တွံတေးမြို့နယ်၌ နံနက် ၉ နာရီက တမံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် နေ့လယ်ပိုင်းတွံတေးမြို့မအားကစားကွင်းရှိ (ခ)အဆင့်အားကစားခန်းမတို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွံတေးသား