ကျောက်တော်မြို့၌ အနာဂတ်လူငယ်များအတွက် လင်းရောင်ခြည်အကြောင်းအသိပညာပေး Talk Show ပြုလုပ်

ကျောက်တော် ဖေဖော်ဝါရီ  ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ အနာဂတ်လူငယ်များအတွက် လင်းရောင်ခြည်အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ပြုလုပ်ခြင်းကို  ယနေ့နေ့လယ်၂ နာရီအချိန်က   အဆိုပါခန်းမအတွင်း  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်-၃  ဒေါ်အေးကျော့်လှိုင်မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ဆောင်းပါးရှင်ခိုင်ဝသန် (စီးပွားရေး ပညာ)ရေးသားသော အနာဂတ်လူငယ်များအတွက် လင်းရောင်ခြည် ဆောင်းပါးပါအကြောင်းအရာများထဲမှ လူငယ်များအနေဖြင့် ပညာစွမ်းရည်မြင့်မားတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ဘက်စုံလွှမ်းခြုံသောပညာရေးစနစ်ပေါ်ပေါက်လာရေး၊ တန်ဖိုးအရှိဆုံးနေရာအဖြစ်သတ်မှတ်ထားသည့် စာကြည့်တိုက်များစသော အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေး နွေးခဲ့ပြီးနောက် အငယ်တန်းစာရေး ဒေါ်ကျော့ကျော့ဝင်းက  တာဝန်ပေးသူနှင့်တာဝန်ပေးခံရသည့် ပညာတတ်လူငယ်လေးများဖြစ်အောင် ဖန်တီးလုပ်ဆောင်ရာတွင်ဝေးလံခေါင်းပါးသော အရပ်ဒေသရှိ လူငယ်လေးများကို ခေတ်မှီပညာရှာမှီးနိုင်ရေးအတွက်ဒေသအသီးသီး၌  ပညာသင်ယူ နိုင်သောအထောက်အပံ့များစွာကို  နိုင်ငံတော်အနေဖြင့် ဖန်တီးဖော်ဆောင်ပေးရန် အထူးလိုအပ်ပေသည်၊ ထိုသို့ ပညာရေးဆိုင်ရာအထောက်အပံ့များဖြစ်သော ဆရာ/ဆရာမအင်အား၊ ပညာသင်ကြားရေးဆိုင်ရာ  အဆောက်အဦများသာမက အသိပညာဗဟုသုတများစွာကို ပေးစွမ်းနိုင်သော တန်ဖိုးအရှိဆုံးနေရာအဖြစ် သတ်မှတ်ထားသည့် စာကြည့်တိုက်များလည်း လိုအပ်ကြောင်းစသော ဆောင်းပါးပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း