သတင်းများ

ခမောက်ကြီးမြို့တွင်၂၀၂၃ ခုနှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှစ်ဆုံးစာမေးပွဲ ဖြေဆိုပြီးစီး
Feb 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၃ခုနှစ်အခြေခံမူလတန်းအဆင့် (Grade-5) နှင့်အခြေခံအလယ်တန်းအဆင့် (Grade-9)နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ(၂၂) ရက်နေ့မှစ၍ဖြေဆိုခဲ့ကြရာ ယနေ့တွင် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှစ်ဆုံးစာမေးပွဲကြီးဖြေဆိုပြီး စီးခဲ့ပြီဖြစ်သည်။
ပုလောမြို့နယ်ရှိ  နေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်သူများနှင့်နေရပ်ပြန် အိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်
Feb 28,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာရွေ့ပြောင်း နေထိုင်သူများနှင့် နေရပ်ပြန် အိမ်ထောင်စုများကို UNHCR ( The  UN Refugee Agency) အစီအစဉ်ဖြင့် ပုလော မြို့နယ် ကြက်ခြေနီအသင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လည်၁ နာရီက ပုလောမြို့ ကြက်ခြေနီရုံး၌  ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာမှဦးဆောင်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Plastic Campaign စုပေါင်းသန့်ရှင်းရေးပြုလုပ်
Feb 28,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ယနေ့နံနက် ၆ နာရီခွဲ အချိန်က ပတ်ဝန် းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask ဖြန့်ဝေခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 28,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများနှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဆင်းပွဲ​ အခမ်းအနားကျင်းပ
Feb 28,2023
မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာထားရှိမည့်နေရာနှင့် စာစစ်ဌာနဖွင့်လှစ်မည့် ကျောင်းများအား ကြည့်ရှုစစ်ဆေး
Feb 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာထားရှိမည့်နေရာနှင့်စာစစ်ဌာန ဖွင့်လှစ်မည့်ကျောင်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ
Feb 28,2023
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) အား အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီ ၃၀ ချိန်တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခအစည်းအဝေးခန်းမ၌ ပို့ချခဲ့သည်။
မူဆယ်မြို့နယ် လုံးကျွတ်(ဒုတိယအကြိမ်)ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတနာရှင်ပြည်သူများ ပါဝင်လောင်းလှူရန် နှိုးဆော်
Feb 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့သည် ရှမ်း၊ ပလောင်၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် အစရှိသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေ‌ထိုင်သော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သော်လည်း စေတနာသဒ္ဓါတရားထက်သန်စွာ မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်များကို