မောက်မယ်မြို့နယ်၌ ရာသီစာ တမာဖူး၊ တမာရွက်နု ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Mar 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ကျေးရွာများမှ ရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များ ရှာဖွေခူးဆွတ် ရောင်းချ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ တမာဖူး၊ တမာရွက်နုများ ခူးဆွတ် ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း တမာဖူးခူးဆွတ်ရောင်းချသူများထံမှ သိရသည်။