ပုလောမြို့နယ်ရှိ  နေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်သူများနှင့်နေရပ်ပြန် အိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်

ပုလော   ဖေဖော်ဝါရီ   ၂၈

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာရွေ့ပြောင်း နေထိုင်သူများနှင့် နေရပ်ပြန် အိမ်ထောင်စုများကို UNHCR ( The  UN Refugee Agency) အစီအစဉ်ဖြင့် ပုလော မြို့နယ် ကြက်ခြေနီအသင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လည်၁ နာရီက ပုလောမြို့ ကြက်ခြေနီရုံး၌  ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ငွေပေးအပ်ရာသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ် UNHCR ဌာနခွဲ ဒါရိုက်တာ ဦးချစ်ဇော်အောင်၊ UNHCR ပရောဂျက်တာဝန်ခံ၊ မြိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်မြင့်စိုး၊တနင်္သာရီတိုင်းဒေသကြီး  ကြက်ခြေနီတပ်ဖွဲ့မှုး ဦးညီညီသိန်းတို့တက်ရောက်ခဲ့ ကြောင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသရှိ ပြည်တွင်းနေရပ်စွန့်ခွာ ရွေ့ပြောင်းနေထိုင်သူများနှင့် နေရပ်ပြန် ပြည်သူများအား လူမှုဂရုဏာနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ အကူအညီပေးရေး စီမံချက်အရလာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ကြက်ခြေနီ အသင်းအဖွဲ့ဝင် ဦးသိန်းဝင်းထံမှ သိရသည်။

ပုလောမြို့နယ်ရှိ နေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်သူများနှင့်နေရပ်ပြန် အိမ်ထောင်စုတစ်စုလျှင်  ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် အိမ်ထောင်စု (၆၅) စုအတွက် ငွေကျပ် ၉၇၅၀၀၀၀ ကို ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)