တပ်ကုန်း ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာထားရှိမည့်နေရာနှင့်စာစစ်ဌာန ဖွင့်လှစ်မည့်ကျောင်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ (ခေတ္တ)ခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းတို့၏ လမ်းညွှန်မှာကြားချက်ဖြင့် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးနိုင်လင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးနှင့်တာဝန်ရှိသူများသည် မြို့မရဲတပ်ဖွဲ့စခန်းဝန်းရှိ ငွေတိုက်တွင် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းလွှာထားရှိမည့် နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်နှင့် အောင်ဇေယျာရပ်ကွက်၊ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ စာစစ်ဌာနဖွင့်လှစ်မည့် အခြေခံပညာ အထက်တန်းကျောင်းများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)ရှိ ကျောင်း ဆောင်များ အခန်းနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်မှ ပေးပို့လှူဒါန်းသည့် ဓမ္မဒါနဗီနိုင်းများအား ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်