ခမောက်ကြီးမြို့တွင်၂၀၂၃ ခုနှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှစ်ဆုံးစာမေးပွဲ ဖြေဆိုပြီးစီး

ခမောက်ကြီး ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၃ခုနှစ်အခြေခံမူလတန်းအဆင့် (Grade-5) နှင့်အခြေခံအလယ်တန်းအဆင့် (Grade-9)နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ(၂၂) ရက်နေ့မှစ၍ဖြေဆိုခဲ့ကြရာ ယနေ့တွင် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှစ်ဆုံးစာမေးပွဲကြီးဖြေဆိုပြီး စီးခဲ့ပြီဖြစ်သည်။

အဆိုပါ (Grade-5)နှစ်ဆုံးစာမေးပွဲတွင်  (အ.ထ.က)ခမောက်ကြီးကျောင်းမှကျောင်းသား/သူ (၄၆)ဦး၊မူလွန်အမှတ်(၄)ကျောင်းမှ ကျောင်းသား/ သူ  (၁၈)ဦး စုစုပေါင်း(၆၄)ဦးတို့က (မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊သိပ္ပံ၊  လူမှုရေး) ဘာသာများကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်(၅)ရက်ဖြေဆို ခဲ့ကြပြီးခမောက်ကြီးမြို့ အ-ထ-ကကျောင်းနှင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများက ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက်   ကြီးကြပ်တာဝန်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး( ပြန်/ဆက်)