ပိုင်ကျုံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများနှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လူသွားလာများသည့်နေရာများ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းမရှိသည့်ပြည်သူများကို Maskများအခမဲ့ဝေငှပေးခဲ့ပြီး အများပြည်သူများ သိသင့်သိထိုက်သော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန်အချက်များအား တာဝန်ရှိသူများတို့မှ အသိပညာပေးရေး လုပ်ငန်းများ ကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ထိုးနှံပေးသည့်အပြင် ရောဂါကာကွယ်ရေးနည်းလမ်းဖြစ်သည့် Mask တပ်ဆင်ရေး လုပ်ငန်းများ ကိုလည်း ပိုင်ကျုံမြို့ရှိဌာနဆိုင်ရာများပူးပေါင်း၍ အပတ်စဉ်တနင်္လာနေ့တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)