သတင်းများ

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 10,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့၏ ဇေယျာသီရိရဲဓမ္မာရုံ အမည်ပေးကင်ပွန်းတပ်ပွဲနှင့် ဓနုဖြူမြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ယာယီရုံးခန်းဖွင့်လှစ်ပွဲကျင်းပ
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့၏ ဇေယျာသီရိရဲဓမ္မာရုံ အမည်ပေးကင်ပွန်းတပ်ပွဲနှင့် ဓနုဖြူမြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ ယာယီရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက မြို့မရဲစခန်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်းရတနာ အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားတက်ရောက်
Jul 10,2025
သဲဖြူနှင့်မဟာမြိုင်တောရဆရာတော်ကြီးအမှူးပြု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တပည့် ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသော မြတ်မော်‌တင်စွန်းစေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်း ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ယမန်နေ့က ဟိုင်းကြီးကျွန်းမြို့၊ မြတ်မော်‌တင်စွန်းစေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်း ဆောက်လုပ်မည့်မြေနေရာတွင် ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့၌ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) တွင် ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကားလျက်ရှိ
Jul 10,2025
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါ​တော်နေ့) တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ ရှိ ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ
Jul 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာသိန်းလွင်ရေးသားသော ကိုယ်ကျင့်တရားနှင့်ဘဝအောင်မြင်ရေး အလေ့အကျင့်များစာအုပ်ဖြင့် ဇူလိုင်လ ၈ ရက်နေ့ည‌နေကလူငယ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖောင်းပြင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းများဆောင်ရွက်
Jul 10,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ(၈)ရက်နေ့နံနက်(၁၀)နာရီအချိန်က ဖောင်းပြင်မြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိ
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၉ ရက်နေ့၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။