သတင်းများ

ဝန်းသိုမြို့နယ်တွင် မိုးများစွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
Jul 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က မိုးများရွာသွန်းမှုကြောင့် ဒေါင်းမြူးချောင်းရေမြင့်တက်ခဲ့ပြီး ရပ်ကွက်အချို့အတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Jul 10,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဖျာပုံမြို့တွင် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဝါဆိုလပြည့်နေ့ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့်စည်ကား
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်လုံးချမ်းသာသာစည်ဘုရားကြီး၊ ရွှေနတ်ကူဘုရားကြီး၊ မြောက်ပိုင်းဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ​ စေတီ၊ ပုထိုးများတွင် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ စတုဒီသာကျွေးမွေးခြင်းနှင့် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြသည်။
တာမွေမြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့တည်သမိုင်းဝင်ရှင်ပင်ချမ်းသာကြီး ဘုရားတွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့်စည်ကား
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် (၁)လမ်းရှိ အိမ်မဲ မြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ကော့သောင်းမြို့နယ်အသင်း တံခွန်စိုက်ဆုဆွတ်ခူး
Jul 10,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက်(အမျိုးသား)ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 10,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။