Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
၂၀၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပ
Jul 10,2025
၂၀၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဌာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ကျေးရွာ(၅)ရွာသို့ ဆက်သွယ်သွားလာနိုင်မည့် ကျောက်ချောလမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 10,2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျေးရွာ(၅)ရွာသို့ ဆက်သွယ်သွားလာနိုင်မည့် ကျောက်ချောလမ်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့တွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ဝါဆိုလအခါသမယတွင် ဘုရားကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့် စည်ကား
Jul 10,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလအခါသမယ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)နှင့် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ ဗုဒ္ဓဘာသာဝင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Jul 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၌ နွေစပါး(ရတနာတိုး)စံကွက် ရိတ်သိမ်း
Jul 10,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပုလင်းကြီးကျေးရွာအုပ်စုရှိ တောင်သူ ဦးသန်းထွန်း စိုက်ပျိုးထားသည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး(ရတနာတိုး)စိုက်ခင်း၌ ယမန်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Jul 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့ အခြေခံပညာမူလတန်းကျောင်း(ကျဘိုခမ်း)၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်
Jul 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း(ကျဘိုခမ်း)တွင် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1240
Page
1241
Page
1242
Page
1243
Current page
1244
Page
1245
Page
1246
Page
1247
Page
1248
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department