ရွှေဘိုစက်မှုဇုန်ရှိ စက်ရုံ/အလုပ်ရုံ/သို​လှောင်ရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

​ရွှေဘို  မတ် ၁၁

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက​ရွှေဘိုစက်မှုဇုန်ရှိ​ ဇော်ဂျီမုန့်တိုက်ရှိ ဝန်ထမ်းများအားအ​ရေး​ပေါ်မီးငြိမ်းနည်းသရုပ်ပြခြင်းနှင့် စက်ရုံ/ အလုပ်ရုံ/ သို​လှောင်ရုံများအား ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်ဖွဲ့ဝင်များနှင့် စက်မှုဇုန်တာဝန်ရှိသူများ ပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်၊ အလုပ်ရုံ/သို​လှောင်ရုံအဆောက်အဦများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှုရှိ/မရှိနှင့် မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန် စသည့်တို့ကို အသိပညာပေးပြောကြားပြီး မီး​ဘေးအန္တရာယ်ကာကွယ်နိုင်​ရေးအတွက်လက်​တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြ​လေ့ကျင့်​ပေးခဲ့ပြီး မီး​ဘေးဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့အချိန်မီ သတင်းပို့ပေးရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)