အမ်းမြို့နယ် ဓာတ်ပေါင်းစုစေတီတော်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

အမ်း   မတ်   ၁၁

ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်အမှတ်(၃)စျေးရပ်ကွက်ရှိ ဓာတ်ပေါင်းစုစေတီတော် ပုရဝုဏ်တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်(၇)နာရီအချိန်က ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်အတွင်းရှိ ဘုရားစေတီတော်များ၊ မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဘေးဝဲများတွင် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများ ပူးပေါင်း၍ စေတီတော်ပရဝုဏ် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး  ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်းများစု ပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း