မန္တလေး မတ် ၁၅
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို ခရိုင်အတွင်းရေးမှူးဦးသီဟအောင်က ရှင်းလင်းဆွေးနွေးရာတွင် လမ်းပေါ်နေကလေးများ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ နွေရာသီအားကစားသင်တန်းဖွင့်လှစ်မှုများ၊ ရှေ့ဆက်လက်ဖွင့်လှစ်သွားမည့် သင်တန်းများ၊ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနအလိုက်ဆောင်ရွက်နေမှုများကို ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်နိုင်ရေးများ အစရှိသည်တို့ကို ဆွေးနွေးရှင်းလင်းပါသည်။
ထို့နောက်တက်ရောက်လာသည့်ကော်မတီဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အားကစားမြှင့်တင်ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများ၊ ကလေးသူငယ်များ ကိုယ်စိတ်နှစ်ပါး လိမ္မာယဉ်ကျေးစေရန် အသိပညာပေးဆောင်ရွက်ပေးနေသည်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်