ပဲခူးမြို့ အ.ထ.က(၁)စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်များဝေငှ

ပဲခူး မတ် ၁၅

ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်စာ‌မေးပွဲအား ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့စာမေးပွဲဖြေဆို​ပြီးချိန်တွင် အ.ထ.က(၁)ကျောင်းရှေ့၌ အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြ  သည့် ကျောင်းသား၊ ကျောင်းသူတို့အား Royal-D အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)