သပိတ်ကျင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများအား အား​ဖြည့်အချိုရည်များ ပေးဝေ

သပိတ်ကျင်း   မတ်   ၁၅

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နေ့လယ် ၁၂ နာရီကအားဖြည့်အချိုရည်များ ပေးဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့် အသင်းဝင်များက စာမေးပွဲဖြေဆိုသည့်ကျောင်းသား၊ကျောင်းသူများ စိတ်ကြည်လင်လန်းဆန်းပြီး စိတ်ခွန်အားတိုးပွားစေရန် အားဖြည့်အချိုရည်များ ပေးဝေခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များဖြည့်ဆည်းပေးခဲ့ကာ အားပေးစကားပြောကြားခဲ့ကြသည်။

သပိတ်ကျင်းမြို့နယ်စာစစ်ဌာန(၆)ခုတွင် ၂၀၂၃ ခုနှစ်၊ နှစ်ဆုံးစာမေးပွဲကို ဆက်လက်ဖြေဆိုလျက်ရှိရာ ယနေ့တွင်ဇီဝ​ဗေဒနှင့်ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇၉)ဦး ဖြေဆိုခဲ့ပြီး ဖြေဆိုသူ (၈၉) ရာခိုင်နှုန်းရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)