သတင်းများ

မအူပင်မြို့တွင် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ ကျင်းပသည်။
ဝိုင်းမော်မြို့နယ်၌ “လပြည့်ဝန်း” လူမှုကူညီရေးအသင်းရုံး၏ “ဧရာဝတီ” ခန်းမဆောင်ဖွင့်ပွဲ ကျင်းပ
Mar 20,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် “လပြည့်ဝန်း” လူမှုကူညီရေးအသင်း၏ ဆောက်လုပ်ပြီးစီးသွားသည့်“ဧရာဝတီ” ခန်းမဆောင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာရှိ အသင်းရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးထင်လင်းဦးနှင့် ဦးကြည်ထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သိန်းမြို့၊ အသင်းဥက္ကဋ္ဌ ဦးစန်းနိုင်တို့က မင်္ဂလာအချိန်တွင် အသင်းရုံးဝင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
မြစ်ကြီးနားမြို့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (‌ဆင့်ပွား) သင်တန်းဖွင့်လှစ်
Mar 20,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သင်တန်းခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (‌ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားနည်း (၅) မျိုးသင်တန်းဆင်းပွဲ ကျင်းပ
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားနည်း (၅) မျိုးသင်တန်းကို ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်က သင်တန်းဆင်းပွဲကျင်းပခဲ့သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီးတင်အောင်စန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်း ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးကမ်းထိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Mar 20,2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီးတင်အောင်စန်းနှင့်ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့ နေ့လည်ပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေး ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စိုက်ဘဏ်မှစိုက်ပျိုးရေးချေးငွေပြေလည်ပြီး ဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။
ငပုတောမြို့နယ်၌ နွေစပါးသီးနှံစံပြကွက် ရိတ်သိမ်းပွဲ ကျင်းပ
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ဖျန်ရေကျော် ကျေးရွာအုပ်စု၊ ဖျန်ရေကျော်ကျေးရွာ၌ နွေစပါးသီးနှံ စံပြကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ဦးပိုင်အမှတ် (၁၈/၁) ကွင်းအမှတ် (၁၃၇၂-က) တောင်သူ ဒေါ်မေသဇင်ဦး၏ လယ်မြေ ဧရိယာအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အစိုတင်း (၁၀၇ ဒသမ ၂၀) တင်း၊ အခြောက်တင်း (၉၉ ဒသမ ၅၉) တင်းထွက်ရှိကြောင်းသိရသည်။
ကလေးမြို့နယ် စုပေါင်းရုံးတွင် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံပေး
Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်စုပေါင်းရုံးတွင် နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။