သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စိုက်ဘဏ်မှစိုက်ပျိုးရေးချေးငွေပြေလည်ပြီး ဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

သာပေါင်း မတ်၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးယူပြီး ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန်ရှိတောင်သူများမှ တစ်အုပ်စုလျှင်တောင်သူ(၅)ဦးစီ ခေါ်ယူတွေ့ဆုံကြရာ ကျေးရွာအုပ်စု (၂၅) ၊ ငွေကြေးပြေလည်ပြီးကြွေးဆပ်ရန်ကျန် တောင်သူ (၁၂၅) ဦးတို့တတ်ရောက်ကြပြီး ၂၀၂၀ ခုနှစ် မိုး၊ ဆောင်း၊ ကိုဗစ် စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်ရန်ကျန်ရှိတောင်သူများနှင့် တွေ့ဆုံဆွေးနွေးရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမအရစ်၊ မတ်လတွင် ဒုတိယအရစ် ပေးဆပ်မည်ဖြစ်ကြောင်း အပြေအကြေပေးဆပ်ရန် တောင်သူများက သဘောတူလက်ခံသဖြင့် ကျေးရွာအုပ်စု(၂၅)အုပ်စု၊ တောင်သူ(၁၂၅)ဦးမှ တောင်သူများဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ကြပြီး စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန်ကျန်ရှိ တောင်သူများထဲမှ (၁၀) ဦးတို့က စိုက်ပျိုးစရိတ်ချေးငွေ (၉၅၅၀၀၀၀) သိန်းအား အပြေအကြေပေးဆပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)