မောက်မယ်မြို့နယ်၌ ရာသီစာ ဒန့်သလွန်သီး ခူးဆွတ်ရောင်းချသူများ မိသားစု အပိုဝင်ငွေ ရရှိ
Mar 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်ကျေးရွာများမှရာသီပေါ်သစ်သီး ၊ သစ်ဥ ၊ သစ်ဖု ၊ အသီးအရွက်များ ရှာဖွေ ခူးဆွတ်ရောင်းချ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ ရာသီပေါ်ဒန့်သလွန်သီး ခူးဆွတ် ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း ဒန့်သလွန်သီး ခူးဆွတ်ရောင်းချသူများထံမှ သိရသည်။