သာပေါင်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားနည်း (၅) မျိုးသင်တန်းဆင်းပွဲ ကျင်းပ

သာပေါင်း မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားနည်း (၅) မျိုးသင်တန်းကို ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်က သင်တန်းဆင်းပွဲကျင်းပခဲ့သည်။
နွေရာသီကျောင်းပိတ်ချိန် အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးလာစေရန်၊ မိမိတို့ဝါသနာပါသည့် အားကစားနည်းတစ်ခုခုကို လေ့လာသင်ယူနိုင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာရေးအတွက် လူငယ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် နွေရာသီအခြေခံအားကစားနည်း (၅) မျိုး မြန်မာ့သိုင်းသင်တန်း၊ ရိုးရာခြင်းသင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်း၊ ဘောလုံးသင်တန်း၊ ပြေးခုန်ပစ်သင်တန်းတို့ကို နည်းပြဆရာများဖြင့် မတ်လ ၆ ရက်နေ့မှ စတင်ကာ နေ့စဉ် ညနေ ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဘောလုံးအားကစားသင်တန်းသား အမျိုးသား(၄၂)ဦး၊ ရိုးရားခြင်းသင်တန်းသား အမျိုးသား(၁၈)ဦး၊ ပြေးခုန်ပစ်အားကစား အမျိုးသား (၁၇) ဦး၊ မြန်မာ့သိုင်း အားကစားသမား(၉)ဦး၊ အမျိုးသမီး(၆)ဦး၊ စာပွဲးတင်တင်းနစ် အမျိုးသား(၉)ဦး၊ အမျိုးသမီး(၇)ဦး ပေါင်းသင်တန်းသား၊ သင်တန်းသူ (၁၀၈) ဦးတို့အား မတ်လ၂၀ ရက်နေ့အထိ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ပြီး ထူးချွန်အားကစားသမားများအား ပထမ၊ဒုတိယ၊တတိယဆုများနှင့် သင်တန်းဆင်းလက်မှတ်၊ အားကစားဝတ်စုံတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် မြို့နယ်အမျိုးသမီး‌ရေးရာဥက္ကဋ္ဌ ဒေါ်နုနုလှိုင်၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါ်ငြိမ်းငြိမ်းစိုး၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်လဲ့လဲ့ဝင်းတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)