မြစ်ကြီးနား မတ် ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သင်တန်းခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်က အမှာစကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းအား သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်/လူရွယ်များ ပိုမိုများပြားလာစေရန်၊ ရပ်ရွာအတွင်း အသိပညာများဖြန့်ဝေနိုင်ရန်၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် စေတနာ့ဝန်ထမ်းများအနေဖြင့် သဘာဝ ဘေးနှင့်ပတ်သတ်သည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ အစိုးရဌာနဆိုင်ရာများနှင့် လူမှုရေး အဖွဲ့အစည်းများ၏အကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် မြစ်ကြီးနားမြို့နယ် အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ (၈) ဖွဲ့မှ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးဖြင့် မတ်လ (၂၀) ရက်နေ့ မှ မတ်လ (၂၂) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)