မအူပင်မြို့တွင် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

မအူပင် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ ကျင်းပသည်။

ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး ဆရာဦးဘိုထွေး (Book Club) အဖွဲ့ဝင်မှ ပညာဆိုသည်မှာ မတက်ထားသင့်သည့် ပညာများမရှိကြောင်း၊ ယခုလို နွေရာသီကျောင်းပိတ်ရက်တွင် သားတို့သမီးတို့ လိုချင်စိတ်ရှိရှိနှင့် လာရောက်တက်ရောက် သည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဂျွန်ဖြိုးပိုင်မှ အင်္ဂလိပ်စာသည် တတ်ထားသင့်သည့် စာဖြစ်ကြောင်းနှင့် ယခုအခြေခံသင်တန်းအား ထိထိရောက်ရောက် သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ပြီး တက်ရောက်သည့် သားတို့သမီးတို့ဘက်မှလည်း သင်တန်း ကာလအတွင်း ရက်ပျက်မရှိ တက်ရောက်စေချင်ကြောင်း ပြောကြားသည်။

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းသည် (၁၉-၃-၂၀၂၃) ရက်နေ့မှ (၂၈-၃-၂၀၂၃) ရက်နေ့ထိ (၁၀)ရက်တာ ကာလဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)