တိုက်ကြီး မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးရည်ရွယ်လျက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နှင်းရေး၊ မူးယစ်ဆေးသုံးစွဲခြင်းဖြင့် ရရှိလာမည့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများစသည့် မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများကို အသိပညာပေးဟောပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲသို့ တိုက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်အသုံးပြုသူ စာပေဝါသနာရှင်များ၊ Youth Club နှင့် Book Club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ တက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)