ကျိုင်းတောင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက်၌ ရှမ်းစာပေသင်ကြားခြင်းဆောင်ရွက်

ကျိုင်းတောင်း မတ်၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် နွေရာသီကျောင်းပိတ် ရက်၌ မူလတန်းအဆင့် ကျောင်းသားကျောင်းသူလေးများက ရှမ်းစာပေသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရှမ်းစာပေသင်ကြားပေးရာတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့မှ ဦးစီးဦးဆောင်၍ ကျောင်သား၊ ကျောင်းသူများအချင်းချင်း ချစ်ခင်ရင်းနှီးစေလိုခြင်း၊ ရှမ်းစာပေသင်ကြားရာ တွင် လူမျိုးဘာသာမရွေး လာရောက်သင်ကြားနိုင်ခြင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအား မမေ့လျော့စေရန် သင်ကြားပေးခြင်း စသည့်အချက်များဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ရပ်ကွက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ရှမ်းစာပေများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)