ငဖဲမြို့နယ်၌ အခြေခံပညာအထက်တန်းနှင့်အလယ်တန်း ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံရက်တို သင်တန်းဖွင့်လှစ်

ငဖဲ မတ် ၂၃

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  ပညာရေးဝန်ထမ်းများအား သင်ကြားမှုစွမ်းရည် တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်သင် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက်စွမ်းရည်မြှင့် မွမ်းမံရက်တိုသင်တန်းကို မတ်လ ၂၁ ရက်နေ့မှစတင်၍ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ခန်းမများတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်သင် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းများတွင် တာဝန်ခံနည်းပြများက သင်ရိုးညွှန်းတမ်းများအရ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချလျက်ရှိကာ  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက် တန်းဆင့် သင်ဆရာ/ဆရာမ (၃၃)ဦးနှင့် အလယ်တန်းဆင့်သင် (၁၂၁)ဦး တက်ရောက် လျက်ရှိကြသည်။

ငဖဲမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအတွက် ဘာသာရပ်စွမ်းရည်မြှင့် ရက်တိုသင်တန်းကို မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ (၄)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)