မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရ အဖွဲ့၀င်၀န်ကြီးများတက်ရောက်

မော်လမြိုင်   မတ် ၂၃

မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကိုမိုးလုံလေလုံ ပြည်နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညီညီစိုး၊ အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်း၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/ သူများ၊အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင်ပြည်နယ်အစိုးရအဖွဲ့၀င်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် အားလပ်ရက် လှုပ်ရှားမှုများတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေခြင်းဖြင့် အခြေခံအားကစားနည်းစနစ်တွေကို သိရှိနားလည်တတ်ကျွမ်းလာစေရန်ရည်ရွယ်ပြီး နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးခဲ့တာ ယခုဆိုသင်တန်း ကာလပြီးဆုံးပြီးဖြစ်ကြောင်း၊ နောင်တစ်ခတ်ရဲ့ခေါင်းဆောင်များဖြစ်လာမဲ့ လူငယ်/လူရွယ်များရဲ့ကျန်းမာကြံ့ခိုင်ရေးဟာ အလွန်အရေးကြီးသောကဏ္ဍ တစ်ရပ်ဖြစ်တာကြောင့် မိမိတို့ကျန်းမာ ကြံ့ခိုင်ရေးအတွက် အားကစားကို လေ့လာလိုက်စား ကြရမှာဖြစ်ကြောင်း၊ ယခုလို နွေရာသီအခြေခံ အားကစား သင်တန်းကနေ အားကစားရဲ့ အခြေခံ ကောင်းရရှိပြီး လေ့ကျင့်သွားကြမယ်ဆိုရင် နိုင်ငံတော်အတွက် အားထားရတဲ့ မျိုးဆက်သစ်အားကစားသမားများတွေ ပေါ်ထွက်လာမှာဖြစ်သလို မွန်ပြည်နယ်ရဲ့ အားကစားအဆင့် အတန်း ပိုမိုထွန်းတောက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်  မွန်ပြည်နယ် နွေရာသီအခြေခံ အားကစားသင်တန်းများတွင် အားကစားနည်းအလိုက်ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းကြီးကြပ်၊ နည်းပြများအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့ကာ ရိုးရာခြင်းလုံး သင်တန်းသားမှ ခြင်းလုံးအလှသရုပ်ပြသခြင်း၊ ကရာတေး သင်တန်းသား/သူများမှ ကရာတေးသရုပ်ပြသခြင်း၊ မြန်မာ့သိုင်း သင်တန်းသား/သူများမှ မြန်မာသိုင်း သရုပ်ပြသခြင်းနှင့် ဂျူဒိုသင်တန်းသား/သူများမှ ဂျူဒိုသရုပ်ပြသ‌နေမှုအား ကြည့်ရှု၍ အားကစားဝါသနာရှင် လူငယ်မောင်မယ်များအား ပြည်နယ် အစိုးရအဖွဲ့၀င်၀န်ကြီးများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)