ပင်လောင်း မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တို့မှ ပူးပေါင်း၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီတင်က အမှာစကားပြောကြားပြီး ရပ်မိရပ်ဖ ဦးခွန်မောင်သောင်းက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အားပေးနှစ်သိမ့်စကားပြောကြားခဲ့သည်။
ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် ဦးခွန်လှသိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ဌာနဆိုင်ရာများ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝင်းကို၊ ရပ်မိရပ်ဖ ဦးခွန်မောင်သောင်း၊ စန္တာခမ်း(PNO) ဗိုလ်မှူးခွန်ဂျိုးဇက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်တို့က အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြပြီး၊ ယာယီနေရပ်စွန့်ခွာပြည်သူများ ၏ကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ယာယီနေရပ် စွန့်ခွာသည့် ပြည်သူအိမ်ထောင်စု(၉၃၀)စု၊ လူဦးရေစုစုပေါင်း (၃၈၅၅)ဦးရှိကြောင်း၊ အဆိုပါ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၃၅၂)အိပ်၊ ဆီ(၄၆၅)ပိဿာ၊ ကုလားပဲ (၉၃၀)ပိဿာ၊ ဆား (၄၆၅)ပိဿာ စုစုပေါင်း တန်ဖိုးငွေကျပ် (၂၉,၆၁၀,၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်