တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူးက မီးသတ်ဦးစိးဌာန၊ ရေထိန်းတံခါးနှင့် ကျန်းမာရေးဌာနတို့အား ကြည့်ရှုစစ်ဆေး
Mar 11,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်သည် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး ကျော်သက်ထူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်တို့နှင့်အတူ မတ်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနအတွင်း မီးသတ်ယာဉ်များ ထားရှိမှု၊ အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများအတွင်း အရေးပေါ် မီးငြိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်စားသောက်မှုနှင့် မီးကင်းလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်ဝန် ထမ်းများအား လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ ကြောင်း သိရသည်။