သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့်တွေ့ဆုံ
Mar 11,2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။
ညောင်ဦးမြို့နယ်အတွင်း ရောင်းချနေသည့် ဆေးဆိုင်များ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေး ပူးပေါင်းအဖွဲ့ကွင်းဆင်းစစ်ဆေး
Mar 11,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရောင်းချလျက်ရှိသည့် ဆေးဆိုင်များ FDA အသိအမှတ်ပြု DRC No. မပါသောParbisure အမည်ရှိဆေးဝါးများ ရောင်းချဖြန့်ဖြူးခြင်းရှိ/ မရှိ စစ်ဆေးခြင်းအား ညောင်ဦးမြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီအချိန်က ဆေးဆိုင်များအားကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝန်ထမ်းအိမ်ရာလိုင်းခန်းများ မီးဘေးလုံခြုံရေးနှင့် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Mar 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးဝန်းရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းများအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေး သတိပြုလိုက်နာနိုင်ရန်နှင့် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို မတ် ၁၀ ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မန့်ဟီးရိုးမြို့ရှိ  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးအတွက် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်
Mar 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန်ဟီရိုးမြို့တွင် စာဖတ်ဝါသနာရှင်များနှင့် ဒေသခံ ပြည်သူများအသိပညာဗဟုသုတတိုးတက်မြင့်မားစေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည်(၂)နာရီအချိန်တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာခရိုင်ဦးစီး မှူးရုံးတွင် ရေစုဆောင်းခြင်းနည်းလမ်းများ၊ ရေစနစ်တကျချွေတာသုံးစွဲရေး နည်းလမ်းများနှင့် မြေနမူနာ၊ ရေနမူနာ၊ မြေဩဇာနမူနာယူနည်းများ နည်းပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ
Mar 11,2023
ရေစုဆောင်းခြင်းနည်းလမ်းများ၊ ရေစနစ်တကျချွေတာသုံးစွဲရေး နည်းလမ်းများနှင့် မြေနမူနာ၊ ရေနမူနာ၊ မြေဩဇာနမူနာယူနည်းများ နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မုံရွာခရိုင်ဦးစီး မှူးရုံး၊ အောင်သလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး မုံရွာခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် နှင့် သီးနှံများအထွက်နှုန်းတိုးစေရန်၊ ရေနည်းကာလ ရေသိုလှောင်စုဆောင်းခြင်းနှင့် ရေချွေတာ စိုက်နည်းစနစ်များ၊ ကွန်တိုကန်သင်းဆောင်ရွက်ခြင်း နည်းလမ်းများအား ဆွေးနွေးပို့ချခဲ့သည်။
မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Mar 11,2023
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ သဲဖြူကျေးရွာ၊ ကံကလေးကျေးရွာ၊ လိပ္ပုတ်ကျေးရွာ၊ သာယာကုန်းကျေးရွာ(ရွာသစ်) ကျေးရွာနှင့်ပေါက်ကုန်း (ကျီးပင်ဆိပ်) ကျေးရွာငါးရွာတို့တွင် ဆောင်ရွက်လျက်ရှိပြီး မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရရှိငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများကကွင်းဆင်းကာကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မြေအောက်ရေသယံဇာတကာကွယ်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Mar 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (community Centre) ခန်းမ၌ မြေအောက်ရေသယံဇာတကာကွယ်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန၌ အတွေ့အကြုံကို မကိုးကွယ်နဲ့၊ ပညာကို ကိုးကွယ် ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Mar 11,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း၏ ပန်းတိုင်ကဘာလဲနှင့်အခြားဆောင်းပါးများ စာအုပ်မှ အတွေ့အကြုံကို မကိုးကွယ်နဲ့၊ ပညာကို ကိုးကွယ် ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပကြောင်း သိရသည်။