တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူးက မီးသတ်ဦးစိးဌာန၊ ရေထိန်းတံခါးနှင့် ကျန်းမာရေးဌာနတို့အား ကြည့်ရှုစစ်ဆေး

တနင်္သာရီ မတ်လ ၁၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အမှတ်()စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်သည် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး ကျော်သက်ထူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်တို့နှင့်အတူ မတ်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနအတွင်း မီးသတ်ယာဉ်များ ထားရှိမှု၊ အဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများအတွင်း အရေးပေါ် မီးငြိမ်းသတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်စားသောက်မှုနှင့် မီးကင်းလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်ဝန် ထမ်းများအား လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ အမှတ် () စစ်နယ်မြေမှူးနှင့်အဖွဲ့သည် ချောင်းကြီးရပ်ကွက်၊ ရွှေလိပ် ပြာ-ကမ်းနားလမ်းအတွင်း မြစ်ရေကြီးမှု ကာကွယ်ရေး ရေထိန်းတံခါးတည်ဆောက် ထားရှိမှုနှင့် ၎င်းကမ်းနားလမ်း အဆင့်မြှင့်တင်၍ မြေဖို့ခြင်းလုပ်ငန်း ဆောက်ရွက်မှု အခြေအနေများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ သူနာပြုဆရာမများနှင့် ဝန်ထမ်းများ၏ နေထိုင်စားသောက်မှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)