သတင်းများ

စလင်းမြို့နယ် သရက်ချဥ်ကျေးရွာအုပ်စုတွင် နွေနေကြာ သုတေသနစံပြစိုက်ခင်း (၆.၀၀) ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Mar 12,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သရက်ချဥ်ကျေးရွာအုပ်စုတွင် တောင်သူများအနေဖြင့် ဆီစားသုံးမှုဖူလုံစေရန်နှင့် မိသားစုဝင်ငွေရရှိရန်အတွက် ယခုနှစ်တွင် စိုက်ပျိုးရေးကဏ္ဍကို အထူးဆောင်ရွက်ခဲ့ရာ သီးနှံမျိုးစုံစိုက်ပျိုးရင်းဖြင့် နေကြာများကို တိုးချဲ့ စိုက်ပျိုးလာကြပြီး နွေနေကြာကို သုတေသနအ​နေအဖြစ် ပြုလုပ်၍ စံပြစိုက်ခင်းတည်ထောင်ပြီး စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းကြောင်း သရက်ချဥ်ကျေးရွာ နေကြာစိုက်တောင်သူထံမှ သိရသည်။
တောင်ကုတ်မြို့၌ နွေရာသီရေပြတ်လပ်မှုမရှိစေရေးအတွက် ရပ်ကွက်များအလိုက်အပိုင်းများခွဲ၍ အလှည့်ကျစနစ်ဖြင့်ဖြန့်ဝေရန်စီစဉ်
Mar 12,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူများ နွေရာသီတွင်ရေပြတ်လပ်မှုမရှိစေရေးအတွက် ရပ်ကွက်အလိုက်အပိုင်း(၂)ပိုင်းခွဲ၍ အလှည့်ကျစမ်းသပ်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်စိုက်ပျိုးရေးကဏ္ဍစာတမ်းဖတ်ပွဲတွင် ပထမဆုရရှိခဲ့သောဝန်ထမ်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Mar 12,2023
နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့သည့် ပဉ္စမအကြိမ်မြောက် “အသုံးချသုတေသနများမှသည် ဖွံ့ဖြိုးတိုးတက်သောစိုက်ပျိုးရေးကဏ္ဍဆီသို့” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲတွင် ပထမဆုရရှိခဲ့သော ဝန်ထမ်းအားဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့ ည(၇:၃၀)အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကုလားပဲစိုက်ပျိုးရောင်းချသူများဈေးနှုန်းကောင်း၍အဆင်ပြေ
Mar 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊   မြင်းမူမြို့နယ်အတွင်း   စိုက်ပျိုးထားရှိသည့် ကုလားပဲများ စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိရာ အထွက်ကောင်းမွန်ခြင်းနှင့် ဈေးနှုန်းကောင်းမွန်ခြင်းကြောင်း တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောင်းသားလူငယ်များ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ်
Mar 12,2023
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများမြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နွေရာသီမြန်မာ့သိုင်း (အခြေခံသင်တန်း) ဖွင့်လှစ်
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းသား/သူများ မြန်မာ့သိုင်းပညာကို လေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ နွေရာသီမြန်မာ့သိုင်း (အခြေခံသင်တန်း)ကို ၁-၃-၂၀၂၃ ရက်နေ့မှ ၃၁-၃-၂၀၂၃ ရက်နေ့အထိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်   ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ် ကျိုက်ထီး​ဆောင်းဆံတော်ရှင်စေတီတော်အဝင် မုခ်ဦးမုခ်ဝဖွင့်မင်္ဂလာအခမ်းအနားကျင်းပ
Mar 12,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထီးဆောင်း ဒုတိယဒီပ ဒေါက်တာနာဂဒီပ ဆရာတော်အရှင်သူမြတ် ဦီးဆောင်ညွှန်ကြားမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သော ဆံတော်ရှင်စေတီတော်များသို့ အဝင်မုခ်ဦး၊ မုခ်ဝဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၉:၃၀)နာရီက ကန်သာယာရပ်ကွက်ရှိ  အဆိုပါမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။
ရွှေပြည်သာမြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ    ကြိုကာကွယ်ရေးအတွက်(Mask Campaign) ပြုလုပ်ဆောင်ရွက်
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး (Mask Campaign)ကို ယနေ့နံနက်(၉)နာရီအချိန်တွင် လူစည်ကားရာနေရာများ၊ ကားဂိတ်များနှင့်ကားလေးဂိတ်ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။