နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ဆရာတော်ကျောင်းတိုက်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာတော်ဆိုင်ရာ သာသနာပြုဘွဲ့တံဆိပ်တော်ရ နမ့်ဆန်ဂိုဏ်းချုပ် နွယ်ဖွား ဆရာတော် (၄) ပါးတို့အား ကြိုဆိုပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

နမ့်ဆန် မတ် ၁၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ဆရာတော် ကျောင်းတိုက်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာပြုဘွဲ့တံဆိပ်တော်ရ နမ့်ဆန်ဂိုဏ်းချုပ်နွယ်ဖွား ဆရာတော် () ပါးတို့အား ကြိုဆိုပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် () နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကို နမောတဿဘုရားရှိခိုးဂါထာဖြင့် သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပရိသတ်များတို့မှ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြို့မဂိုဏ်းချုပ် ဆရာတော်တို့အား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြကာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ မြို့မဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိမာလထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာတော်ဆိုင်ရာ သာသနာပြုဘွဲ့တံဆိပ်တော်ရ နမ့်ဆန်ဂိုဏ်းချုပ်နွယ်ဖွား ဆရာတော် () ပါးတို့၏ ထေရုပ္ပတိ္တအကျဉ်းကို အရှင်သုဝဏ္ဏမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၃ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာဆိုင်ရာ သာသနာပြုဘွဲ့ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ နမ့်ဆန်ဂိုဏ်းချုပ်နွယ်ဖွား ဆရာတော် ဘဒ္ဓန္တဝိမာလက  ဩဝါဒကထာ ချီးမြှင့်ပေးတော်မူပြီး ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့် ဧည့်ပရိသတ်အပေါင်းတို့မှ လှူဖွယ်ဝတ္ထုများအား ဆပ်ကပ်လှူဒါန်းကြကာ နမ့်ဆန်မြို့ ဗုဒ္ဓသာသနာဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း စကား လျှောက်တင်ခဲ့ကာ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နမ့်ဆန်မြို့ မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယဆရာတော် လားရှိုးမြို့ အောင်မင်္ဂလာ နမ့်ဆန်ကျောင်းတိုက်မှ ဘဒ္ဒန္တဉာဏိက အရှင်မြတ်မှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ တရားချီးမြှင့်ပေးတော်မူ၍ အလှူရှင်များက ရေစက်သွန်းချအမျှပေးဝေခဲ့ကာ၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ ရှေ့တန်းအမှတ် (၁၀၁) ခြေမြန် တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း၊ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဗုဒ္ဓသာသနာဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်နှင့် အဖွဲ့ဝင် များ၊ မြို့မိမြို့ဖများ၊ ကျေးရွားသူ/ကျေးရွာသားများ စုစုပေါင်းအင်အား (၅၀၀) ခန့် တက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)