ကလိန်အောင် မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ကလိန်အောင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ (၈) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့အတွင်းရှိ အထက-စာစစ်ဌာန(၁)ခုရှိပြီးဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၂၆)ဦးရှိရာမှ လာရောက်ဖြေဆိုသူဓာတုဗေဒဘာသာရပ်အားကျောင်းတွင်း ဖြေဆိုသူ (၁၃)ဦးနှင့် ပြင်ပဖြေဆိုသူ(၉)ဦး စုစုပေါင်း (၂၂) ဦးရှိကြောင်းသိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)