သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၁၃၈၄(၂၀၂၃)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး မြန်အောင်တွင်ကျင်းပ

မြန်အောင် မတ် ၁၃

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၁၃၈၄(၂၀၂၃)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မြို့နယ်သံဃနာယကဆရာတော်များ၊ ဂိုဏ်းပေါင်းစုံဆရာတော်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက မဟာဓမ္မိကာရာမကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ မြန်အောင်မြို့နယ် ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဥက္ကဋ္ဌ ကံလှကျောင်းဆရာတော် ဥူးသုမင်္ဂလမှ အဖွင့်သြဝါဒကထာမိန့်ကြားပြီး မြို့နယ်သံဃနာယက ဆရာတော်များ၊ သံဃာတော် အရှင်သူမြတ်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ အဖွဲ့ဝင်(၂)ဦးမြင့်နိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ် သာသနာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများက ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ဝေဠုဝန် ဂိုဏ်းအကျိုးတော်ဆောင်ဆရာတော် ဥူးပညောဘာသက နိဂုံးချုပ်သြဝါဒစကား မိန့်ကြား၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

၁၃၈၄(၂၀၂၃)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ၂၈-၃-၂၀၂၃ ရက်နေ့မှ ၃-၄-၂၀၂၃ ရက်နေ့အထိ မြန်အောင်မြို့ သုဓမ္မာပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်အောင်မြို့နယ်မှ ပထမကြီးတန်း ၁၅ ပါး၊ ပထမလတ် တန်း ၁၀ ပါး၊  ပထမငယ်တန်း ၁၅ ပါး၊ အခြေပြုမူလတန်း ၅၂ ပါး စုစုပေါင်း (၉၂) ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်သာသနာရေးဦးစီး ဌာနမှသိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)