ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

ကွမ်းခြံကုန်း မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းများကို  မတ်လ ၁၀ ရက်နေ့မှစ၍ သတ်မှတ်နေရာအသီးသီးတွင် စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများကို မြို့နယ်အတွင်းရှိ အားကစားပြုလုပ်နိုင်သည့် သတ်မှတ်နေရာများ၌ သင်တန်းနည်းပြများက ဘောလုံးသင်တန်း၊ ဘောလီဘောသင်တန်းနှင့် ပိုက်ကျော်ခြင်းသင်တန်းများကို နေ့စဥ်သတ်မှတ်နေရာအသီးသီးတွင် ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းများကို ၂၀၂၃ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့မှ ၂၀၂၃ မတ်လ(၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး  သင်တန်းအားစိတ်ပါဝင်စားသူများ မည်သူမဆို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လာရောက်စာရင်းပေး၍ တက်ရောက်သင်ကြားနိုင်ကြောင်း သိရသည် ။

ဆွေနွယ်(IPRD)