ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့) သင်တန်းဆင်းပွဲကျင်းပ

ထန်းတပင်(ပဲခူး)  မတ်  ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဆင်းပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ(ထန်းတပင်) စန်းလွင်က ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် ဝါသနာပါသည့်အကျိုးရှိရာ ပညာရပ်တစ်မျိုးမျိုး သင်ကြားသင်ယူသွားကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများမှလည်း ဘက်စုံထူးချွန်သူများဖြစ်စေရေး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းချီဆရာ(တောင်ငူ)စိုးမြင့်လေးက မျဥ်းကြောင်းများအကြောင်း အရာဝတ္တုများပုံရေးဆွဲခြင်း၊ ပုံတူရေးဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်းများကို စာတွေ့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ(၇)ရက်နေ့မှ မတ်လ(၁၆)ရက်နေ့အထိ(၁၀)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ပြီး သင်တန်းဆင်းပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများအား အာဟာရဖြစ်မုန့်များကို ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)