တွံတေးမြို့နယ်တွင် ဆီထွတ်သီးနှံနေကြာ(ဆောင်း)စံပြစိုက်ခင်းရိတ်သိမ်းနိုင်ရေး ကွင်းဆင်းကြည့်ရှု

တွံတေး     မတ်   ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း ဆီထွတ်သီးနှံနေကြာစိုက်ပျိုးဧက လျာထားချက်ပြည့်မီစိုက်ပျိုးနိုင်ခဲ့ပြီး ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ခလောက်ခလူကျေးရွာရှိ စံပြဆောင်းနေကြာစိုက်ခင်းရိတ်သိမ်းနိုင်မည့်အခြေအနေအား ယမန်နေ့ညနေ(၄:၃၀)နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ခလောက်ခလူကျေးရွာရှိ ဆီထွတ်သီးနှံနေကြာ(ဆောင်း) စံပြစိုက်ခင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ ဆီထွတ်သီးနှံနေကြာ(ဆောင်း) စံပြစိုက်ခင်းများ ရိတ်သိမ်းနိုင်မည့်အခြေအနေအား သွားရောက်ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်း နေကြာစိုက်ပျိုးဧက(၇၅၀)ဧကလျာထား စိုက်ပျိုးခဲ့ပြီး တွံတေးမြို့နယ်တွင် ဆီထွတ်သီးနှံနေကြာရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့ကို တစ်ဧကလျှင်(၃ကီလို)နှုန်းဖြင့် ကျေးရွာအုပ်စု(၁၃)အုပ်စုမှဧက (၇၅၀)ဧကရှိတောင်သူ(၁၆၇)ဦးက တွံတေး-လှိုင်သာယာ၊ တွံတေး-ဒလကားလမ်းမကြီးဘေးရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးခဲ့ကြောင်း သိရသည်။

တွံတေးသား