ကော့သောင်းမြို့တွင် သမဝါယမ အသင်းများမှ ပြည်ပပို့ကုန်များအား လျာထားချက်ပြည့်မီ ကျော်လွန်အောင် တင်ပို့ရောင်းချလျက်ရှိ

ကော့သောင်း မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း  မြို့နယ်သမဝါယမ ဦးစီးဌာနမှ ပြည်ပပို့ကုန်လုပ်ငန်းအား ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ဌာနကြီးကြပ်မှုဖြင့်  ပြည်ပပို့ကုန်လုပ်ငန်း ကို၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သိမ်းထိုက်ဇော် ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၊ အောင်ကျော်ဇေ ရေထွက်ပစ္စည်းနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်နှင့် အောင်ကျော်မင်း ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အသင်း(၃)သင်းတို့မှ တင်ပို့ လုပ်ကိုင်ခဲ့ကြသည်။

အဆိုပါ သမဝါယမအသင်း(၃)သင်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်စီမံလျာ ထားချက်(၆၉၉၄.၇၉၅) ကျပ်သန်း အပေါ် အကောင်အထည်ဖော်နိုင်မှုမှာ (၇၁၆၃.၉၀၄)ကျပ်သန်းဖြစ်သဖြင့် ရာခိုင်နှုန်း (၁၀၂%) အကောင်အထည်ဖော်နိုင်သောကြောင့် လျာထားချက်အား ပြည့်မီကျော်လွန်အောင် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကော့သောင်းမြို့နယ် သမဝါယမဦးစီးဌာနထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)