မိုးညှင်းမြို့တွင် အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီး

မိုးညှင်း မတ် ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ယမန်နေ့ ညနေ(၆)နာရီ (၁၅)မိနစ်ခန့်က အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်လာပြီး မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်လာမှုကြောင့် မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာအုပ်စုတွင် တစ်စိတ်တစ်ပိုင်းများ ပျက်စီးခဲ့သည့် ပျဉ်ထောင်အိမ် (၉)လုံးနှင့် မြေစိုက်အိမ် (၄)လုံး စုစုပေါင်း လူနေအိမ် (၁၃)လုံးအား ထရံကာ၊ သက်ကယ်နှင့် သွပ်မိုးများ အမိုးလှံ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု တစ်စုံတစ်ရာမျှမရှိကြောင်း သိရသည်။

ရွှေမိုးညှင်း