တာမိုးညဲ မတ် ၁၉
၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် ယမန်နေ့မွန်းလွဲ(၁း၀၀)နာရီအချိန်က တာမိုးညဲမြို့စည်ပင်သာယာစျေး၊ မိဘပြည်သူများနှင့်လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀)ပါး၊၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခန်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၁၃.၇.၁၉၄၇)ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ (၂၃.၃.၂၀၂၂)ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် စာရေးဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားထားသော ပြည်သူချစ်တဲ့တပ်မတော်ကဗျာနှင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ အသက်သွေးချွေးစဉ်မနှေးပေးဆပ်သည်မှာ တပ်မတော်ပါစသည့် တပ်မတော်ကိုယ်စားပြုသတင်းစကားများကို ထည့်သွင်းဖော်ပြထားပါသည်။ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများနှင့်လမ်းသွားလမ်းလာ အလုပ်သမားများကို (၇၈)နှစ်မြောက် တပ်မတော်နေ့ကို အစဉ်အောက်မေ့သတိတရရှိစေရန် တာမိုးညဲမြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တာမိုးညဲ(ပြန်/ဆက်)